Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အဆင့်မြင့်ကွန်ပျူတာ(Advanced Excel)သင်တန်း ဖွင့်ပွဲကျင်းပ

09 May 24

 နေပြည်တော် မေ ၈

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အဆင့်မြင့်ကွန်ပျူတာ(Advanced Excel)သင်တန်း သင်တန်းဖွင့်ပွဲအခမ်းအနားကို(၈-၅-၂၀၂၄) ရက်နေ့၊ နံနက်(၀၉:၃၀)နာရီ အချိန်တွင် ရုံးအမှတ်(၃၆-ဘီ)၊ ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန ကွန်ပျူတာခန်းမ၌ ကျင်းပပြုလုပ် သည်။ ရှေးဦးစွာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်က အဖွင့်အမှာစကားပြောကြားသည်။ အဆိုပါသင်တန်းကို ပြည်ထောင်စုဝန်ကြီးရုံး၊သမဝါယမဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနတို့မှ သင်တန်းသား/သူ(၂၀)ဦး တက် ရောက်ပြီး သင်တန်းကာလမှာ(၈-၅-၂၀၂၄)ရက်မှ (၆-၆-၂၀၂၄)ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။