Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

မော်လမြိုင်ကျွန်းမြို့နယ် ရွာသစ်ကျေးရွာတွင် မြစိမ်းရောင်စီမံကိန်းရန်ပုံငွေများ ထုတ်ချေး

30 April 24

 
 
မော်လမြိုင်ကျွန်း                         ဧပြီ ၃၀
 
       ဧရာဝတီတိုင်းဒေသကြီး၊လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်​ လှိုင်းဘုန်းကျေးရွာအုပ်စု၊ ရွာသစ် ကျေးရွာတွင် မော်လမြိုင်ကျွန်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ  မြစိမ်းရောင်စီမံကိန်းရန်ပုံငွေဖြင့် ကျေးလက်နေပြည်သူများ၏ စိုက်ပျိုးရေးလုပ်ငန်းများ၊ မွေးမြူရေးလုပ်ငန်းများ၊ မိသားစုဝင်ငွေတိုးအခြားလုပ်ငန်းများလုပ်ကိုင်နိုင်ရန်နှင့် ကျေးလက်နေပြည်သူများ၏ ဆင်းရဲမှုကိုလျော့ချရန်ရည်ရွယ်၍ မြစိမ်းရောင်စီမံကိန်းရန်ပုံငွေ များ ထုတ်ချေး‌ပေးခြင်းကို ဧပြီလ ၂၆ ရက် မွန်းလွဲ ၂နာရီက အဆိုပါကျေးရွာဘုန်းတော်ကြီးကျောင်း၌ ပြုလုပ်ကြောင်းသိရသည်။
      ရှေးဦးစွာ​ မော်လမြိုင်ကျွန်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ  မြစိမ်းရောင်စီမံကိန်းတာဝန်ခံ ဒုတိယဦးစီးမှူး ဒေါ်ဖြိုးမြတ်သူက မြစိမ်းရောင်စီမံကိန်းရန်ပုံငွေသည်​ကျေးရွာပိုင်၊ အများပိုင်​ငွေကြေးတစ်ရပ်ဖြစ်ကြောင်း၊ စီမံကိန်းရန်ပုံငွေဖြင့် မိသားစု ဝင်ငွေတိုးလုပ်ငန်းများ​ဆောင်ရွက်နိုင်သဖြင့် ဆင်းရဲမှုကိုလျော့ချလာနိုင်ခြင်းဖြစ်ကြောင်း အသင်းသူ အသင်းသားများအား ရှင်းလင်းပြောကြားခဲ့သည်။ 
      ထို့နောက် ရှမ်းချောင်း ကျေးရွာတွင် စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ (၁၀)ဦးအား ငွေကျပ် (၆၀)သိန်းကျပ်၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ(၂၇)ဦးအား ငွေကျပ် (၄၉)သိန်းကျပ်၊​ရေလုပ်ငန်းလုပ်ကိုင်သူ(၂၁)ဦးအား​ငွေကျပ် (၉၁)သိန်းကျပ်၊ အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူ (၂၃)ဦးအား ငွေကျပ် (၁၀၀)သိန်း  စုစုပေါင်းငွေကျပ် (၃၀၀)သိန်းအား မော်လမြိုင်ကျွန်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ဖြိုးမြတ်သူနှင့် ဝန်ထမ်းများ၊ ကျေးရွာမြစိမ်းရောင်ိစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များမှ  စီမံကိန်းရန်ပုံငွေများအား တစ်ဦးခြင်း စနစ်တကျထုတ်ချေးပေးခဲ့ကြကြောင်းသိရသည်။