Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ပဲခူးတိုင်း‌‌ဒေသကြီး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူးနှင့် ဝန်ထမ်းများသည် ၂၀၂၄-၂၀၂၅ခု ဘဏ္ဍာရေးနှစ်တွင်ဆောင်ရွက်မည့် ကဝမြို့နယ်ရှိ ကုန်ထုတ်လမ်းများအား မြေပြင်ကွင်းဆင်းခြင်း

29 April 24

              ၂၀၂၄-၂၀၂၅ခု ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်မည့် ကဝမြို့နယ်၊ အလယ်ရွာကျေးရွာ ကုန်ထုတ် လမ်း၊ သံဒင်းကျေးရွာကုန်ထုတ်လမ်းနှင့် တကာကျကျေးရွာကုန်ထုတ်လမ်းများ၏ မြေပြင်အခြေအနေအား ပဲခူးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ တိုင်းဒေသကြီးဦးစီးမှူး၊ ပဲခူးခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ကဝမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှ မြို့နယ်ဦးစီးမှူးနှင့် တာဝန်ခံဝန်ထမ်းများက (၂၄.၄.၂၀၂၄)ရက်နေ့တွင် ကွင်းဆင်းစစ်ဆေးခဲ့ပြီး ကုန်ထုတ်လမ်း များ၏ မြေနေရာသတ်မှတ်မှုများအား တိကျစွာ သတ်မှတ်အတည်ပြုဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ပါသည်။