Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

လပွတ္တာမြို့နယ်တွင် မြို့နယ်အဆင့်စီမံကိန်းသုံးသပ်ဆွေးနွေးပွဲနှင့်လုပ်ငန်းများလွှဲပြောင်းပေးအပ်ပွဲကျင်းပ

29 April 24

လပွတ္တာမြို့နယ်တွင်  မြို့နယ်အဆင့်စီမံကိန်းသုံးသပ်ဆွေးနွေးပွဲနှင့်လုပ်ငန်းများလွှဲပြောင်းပေးအပ်ပွဲကျင်းပ

လပွတ္တာ                                              ဧပြီ ၉
          ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာ ခရိုင်လပွတ္တာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ခု ဘဏ္ဍာရေးနှစ်အထိ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် မြစိမ်းရောင်ကျေးရွာစီမံကိန်း၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)စီမံကိန်း၊‌ ကျေးရွာမတည်ရန်ပုံ‌ငွေစီမံကိန်း၊အသက် မွေးဝမ်းကျောင်းသင်တန်းနှင့် ဆိုလာရေတင်စနစ်လုပ်ငန်းများအား သက်ဆိုင်သူများပါဝင်သည့် မြို့နယ်အဆင့် သုံးသပ်ဆွေးနွေးပွဲကို ဧပြီလ ၈ ရက်နေ့ နံနက် ၉နာရီခွဲက လပွတ္တာမြို့နယ် ရွေးနဒီခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
         အခမ်းအနားတွင် လပွတ္တာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးလွင်ကိုဦးမှ အမှာစကားပြောကြားခဲ့ပြီး  ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအောင်နိုင်မ်ိုးမှ စီမံကိန်းသုံးသပ်ဆွေးနွေးပွဲဆောင်ရွက်ရသည့်ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။
          ထို့နောက် ၂၀၂၃-၂၀၂၄ခု ဘဏ္ဍာရေးနှစ်တွင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းကျေးရွာ (၁၁)ရွာမှ ကျေးရွာကော်မတီဝင်များအားလည်းကောင်း၊ ဆိုလာရေတင်စနစ်ဖြင့် ကျေးလက်ရေရရှိရေးလုပ်ငန်းများဆောင်ရွက်သည့် ကျေးရွာ(၆)ရွာမှ ကျေးရွာကော်မတီဝင်များအား တာဝန်ရှိသူများက အသီးသီးလုပ်ငန်းများလွှဲပြောင်းပေးအပ်ခဲ့ကြပြီး မြစိမ်းရောင်စီမံကိန်းအား အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ကြသည့် ကျေးရွာများအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခဲ့ကြသည်။
           ဆက်လက်ပြီး  မြစိမ်းရောင်ကျေးရွာစီမံကိန်း ရွာများမှ ကျေးရွာကော်မတီဝင်များ၊‌ကျေးရွာမတည်ရန်ပုံ‌ငွေစီမံကိန်းရွာများမှ ကျေးရွာကော်မတီဝင်များ၊ဆိုလာရေတင်စနစ်ဖြင့် ကျေးလက်ရေရရှိရေးလုပ်ငန်းများဆောင်ရွက်သည့် ကျေးရွာများမှ ကျေးရွာကော်မတီဝင်များ၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းကျေးရွာမှ  ကျေးရွာကော်မတီဝင်များက စီမံကိန်းလုပ်ငန်းစဉ်များ၏ အားနည်းချက်၊ အားသာချက်၊ အကြံပြုချက်များအား ခေါင်းစဉ်အလိုက် ဆွေးနွေးသုံးသပ်ချက်များအပေါ်  မြို့နယ်ဦးစီးမှူး ဦးမြတ်ကျော်သူမှ လိုအပ်သည်များ ဖြည့်ဆွက်​ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရသည်။